Tuesday, February 5, 2013

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် ဘာလုပ်မလဲ

 Lock ဖွင့်လို့မရတော့လို့ ဆိုင်ကိုသွားရင်တော့ ဆိုင်ကပြောမှာပေါ့ firmware ပြန်တင်ရမယ်ဘာညာပေါ့ဗျာ firmware ပြန်တင်ပြီဆိုထဲကအနဲဆုံး ၁၀၀၀၀လောက်တော့ပေးရမှာသေချာတယ်
ကျွန်တော်လဲ lock မေ့သွားတာကိုအခါခါမှားပြီးဖွင့်မိလို့ Tablet က mail acc နဲ့password တောင်းတော့တာဘဲ အဲ့Tablet driver ရှာလို့မရတာနဲ့မထူးဘူးဆိုပြီး factory reset လုပ်ပလိုက်တယ် App တွေ Game တွေတော့backup မလုပ်ထားမိတော့ပျက်သွားတာပေါ့ စက်ကတော့ပြန်ကောင်းသွားတယ် သူငယ်ချင်းတွေလဲအဲ့လိုဖြစ်ရင်လုပ်တတ်အောင်လို့ပြောပြလိုက်တယ်နော် အောက်မှာကြည့်လိုက်နော်....................

Android ဖုန်းတွေမှာ လုံခြုံရေးအရ သူငယ်ချင်းတို့ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူဝင် မကြည့်နိုင်

ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ရအောင်ပေးထားတယ်…အဲဒါပေမယ့်…သူငယ်ချင်းတို့ပေး

တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ မှတ်မထားမိရင်တော့သေပြီဆရာဘဲအဲ့

တော့ဘယ်လိုလုပ်မလဲ

လုပ်နည်းကတော့အမျိုးမျိုးရှိပါတယ်…ဖုန်းထဲမှာgoogleaccount တော့ဝင်ထားဖို့လိုပါတယ်

အကယ်လို့ဖုန်းထဲမှာ Google Account ကိုဝင်မထားမိဘူးဆိုရင်တော့…WiFi ချိတ်ထားဖို့လိုပါတယ်…ဘာလို့လဲဆို

တာ့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ

Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock

pattern ပြီးတော့ Settings > Accounts &SyncကနေAddAccountပြီးတော့googleaccountကိုထည့်လိုက်ပေါ့နော်

ပြီးတော့ ဖုန်းချလိုက်ပါ…အောက်က အဆင့်တွေဆက်လုပ်လို့ရပါပြီ…Unlock Pattern မှာငါးကြိမ်ထပ် ဆယ်ကြိမ်ထပ် ပိုမှားခဲ့ရင်

တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ”

ဆိုပြီး ပေါ်လာပါမယ် OK နှိပ်လိုက်ပါ။စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?

ဆိုတာလေးကို နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်…ဒါဆိုရင်သင်ဖုန်းထဲမှာထည့်ထားတဲ့ usernameနဲ့password

ဖြည့်ပြီး Sign in လုပ်လိုက်ပါ …ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ဒီတစ်ခါတော့မှတ်ထားပေါ့နော်

ပြီးရင် Continue နှိပ်ပါ …Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ပြီးရင် Confirm နှိပ်ပါ …

ဒါဆိုရင်တော့ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် အကယ်လို့ …

ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။ဒါပေမယ့်

Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့

Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင်

Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern

Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …


နောက်တစ်ခုကတော့  Mail acc password တောင်းပါလိမ့်မယ် ( Mail acc password တောင်းရင်တော့ Volume up Power Button တွဲနှိပ်ထားလိုက်ပါ ပေါ်တဲ့ထဲကမမှ wipe data…....ကိုနှိပ်လိုက်ပါပြီးရင်  yes ..........ကိုရွေး ပြီးရင် Reboot ကိုနှိပ်လိုက်ပါ ဝယ်လာတုန်းကအတိုင်း အသစ်အတိုင်းလေး window ပြန်တတ်လာပါလိမ့်မယ် အဲ့လောက်ဆိုသူငယ်ချင်းတွေနားလည်လောက်မယ်ထင်ပါတယ် ကြိုးစားကြည့်လိုက်နော် ။

0 comments:

Post a Comment