Tuesday, March 19, 2013

Windows Phone Start Menu ပေါ်က Icon တွေကိုပြောင်းရွှေ့ပုံ

Windows Phone Start Menu ပေါ်က Icon တွေကို ပြောင်းရွှေ့ချင်သူများအတွက် ဘယ်လိုပြုလုပ်ရမယ်ဆိုတာကို တင်ပြလိုက်ပါတယ်နော်





Windows Phone ရဲ့ Start Menu Screen က Icon တွေကို သူငယ်ချင်းတို့လိုအပ်သလို နေရာရွှေ့ပြောင်းဖို့နဲ့ Message Icon ကို ကြီးမားတဲ့အရွယ်အစားပြောင်းပြီး၊ Phone Call အတွက် ပေးထားတဲ့  Button ကို  ဆိုက်နည်းနည်းလေးသေးပြီး ထားချင်သူတွေအတွက် လိုအပ်သလို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လည်း ပထမဦးစားပေးအရာတွေကို အပေါ်ဆုံးမှာထားပြီး အဆင့်အလိုက်သူငယ်ချင်းတို့ထားချင်တဲ့နေရာတွေမှာ Icon တွေကို ပြောင်းရွှေ့ထားနိုင်မှာဖြစ်ပါတယ်။ Start Menu မှာရှိတဲ့ Apps, Contacts, Maps, Videos, Website တွေရဲ့ Icon တွေကို အစီအစဉ်တကျ ရွှေ့ပြောင်းချင်တယ်ဆိုရင် Start Button ကို နှိပ်လိုက်ပါ။ Start Menu ထဲကမှ ပြူပြင်ချင်တဲ့ Icon တစ်ခုခုထဲကို ၀င်လိုက်တယ်ဆိုရင် Move, Resize, Unpin ဆိုတဲ့ Button ကို ဖိထားပြီး Move ကိုနှိပ်လိုက်ပါ။ ပြီးရင် ရွှေ့ချင်တဲ့နေရာကို ပြောင်းရွှေ့နိုင်ပါတယ်။ People Button ကို အကြီးအသေးပြုလုပ်ချင်တယ်ဆိုရင်တော့ People Button ကို ဖိနှိပ်ထားလိုက်ပါ။ ဒါဆိုရင် Unpin ရယ် Resize ရယ်ဆိုတဲ့ Button လေးနှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ Resize ပြုလုပ်ချင်တဲ့ Icon ကို Resie Button ကိုနှိပ်ပြီး အကြီးအသေး ရွေးချယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ လိုချင်တဲ့နေရာမှာ ထားနိုင်မှာဖြစ်ပါတယ်။ Unpin ပြုလုပ်ချင်တဲ့ အသုံးမလိုတဲ့ App တွေနဲ့ အခြား Tool တွေ၊ Game တွေရဲ့ Icon ပေါ်မှာ ဖိနှိပ်ထားလိုက်ပါ။ ပြီးရင် Unpin Button ကို ရွေးချယ်ပေးလိုက်တာနဲ့ Windows Phone ရဲ့ Start Menu ကနေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်နော်
Ref:အင်တာနက်ဂျာနယ်
http://myanmarinternetjournal.com

0 comments:

Post a Comment