Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊
စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes ,
Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root
လုပ်ပြီးတာနဲ့ မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို
အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါ တယ်။ဥပမာအနေနဲ့
နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ
ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device
ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက်
အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root
လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ
မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service
တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင်
သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို
root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root
မလုပ်ခင်မှာ အောက် မှာဖော်ပြ ထားတဲ့
အချက်လေးတွေဖတ်ထားဖို့လိုပါတယ်..............
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့်
backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM
ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New
Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device
ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android
device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ
ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီထင်ပါတယ်နော်
Ref:Myanmar Mobile Application Store
Saturday, February 9, 2013
viber သုံးလို့အဆင်မပြေသူများ viber ထက်ကောင်းတဲ့ FreePP သုံးလိုက်နော်
Viber သုံးနေသူတွေ ပြောပြောနေတာကြားတယ် Activate လုပ်တာ Comfirm code ပြန်မပြောဘူး
ဆိုတာ viber က ဟိုးအရင်တုန်းကသာကောင်းတာ အခု အသစ်လုပ်တဲ့လူတွေ အဆင်မပြေတာ
များလာတယ် အဲဒီပြသနာကိုဖြေရှင်းဖို့သူငယ်ချင်းတို့ ဒီ FreePP ကိုသုံးပါ
ဖုန်းပြောလို့ရတယ် Message ပို့ရတယ် . ဖိုင်တွေပို့ရတယ် . ပန်းချီဆွဲပို့ရတယ်
ဓါတ်ပုံတွေပို့ရတယ် ဒီဟာလေးက စွယ်စုံသုံးရပါတယ် အဓိက ကောင်းမွန်တဲ့အချက်က
Activate လုပ်ရင် ကုဒ်ထည့်စရာတွေမလိုပါဘူး ကိုယ့်ဖုန်းနံပါတ်လေးသာ ရိုက်လိုက်ရင်
ပြီးပီ ဘာကိုမှ စောင့်စရာလည်းမလိုပါဘူး
Ref:Software မြို့တော်
Download link_ http://http://api.viglink.com/api/click?format=go&key=7cb21a401bd08f9e...

Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့အချက်လေးတွေပါ
Android ဟာ version အသစ်တွေထွက်ပြီးရင်းထွက်နေတာဘဲဗျ version
အသစ်တိုင်းမှာပိုမိုကောင်းတဲ့လုပ်ဆောင်ချက်တွေထည့်သွင်းပေးထားတော့ Android
OS ကိုအသုံးပြုတဲ့သူငယ်ချင်းတွေအနေနဲ့ version အသစ်တွေကို
အသုံးပြုချင်ကြပါတယ်ဟုတ်တယ်ဟုတ်သူငယ်ချင်းတို့သိထားရမှာက version upgrade ပြုလုပ်ပြီးနောက် သူငယ်ချင်းတို့ Device လေးလံလာတယ်ဆိုရင် Device နဲ့ version မကိုက်ညီလို့ဖြစ်ပါတယ်
နောက်တစ်ခုက Web Browser ဟာ Android Device အသုံးပြုတဲ့သူငယ်ချင်းတွေအတွက်အရေးပါတဲ့ App လို့ပြောလို့ရပါတယ် Default ပါဝင်တဲ့ Browser နဲ့တင်လုံလောက်မှူ့ရှိနေလဲ အခြား Browser တွေကိုသူငယ်ချင်းတို့ ထည့်သွင်းအသုံးပြုချင်မှာဘဲ အသုံးပြုချင်ရင်လဲသင့်တော်မဲ့ Browser အမျိုးအစားကိုရွေးချယ်သင့်ပါတယ်
နောက်တစ်ခုက WiFi,Bluetooh,GPS,Data, တို့ကိုအသုံးမပြုရင်ပိတ်ထားသင့်ပါတယ် ဘာလို့လဲဆိုတော့ သိတဲ့သိငယ်ချင်းတွေလဲ သိမှာပါ WiFi,Bluetooh တို့ဟာနီးစပ်ရာ Device တွေကို Detect လုပ်တဲ့အတွက်ပါ နောက်၁ခုက Battery အကုန်မြန်တယ်လို့လဲသိထားပါတယ်
နောက်တစ်ခုက ကျွန်တော်မကြာသေးခင်ကမှကလိကြည့်တဲ့နည်းလေးပါစက်ကလေး သွားလို့ပါဝါပါပိတ်လိုက်ကတယ်ဟိဟိ APP,Game တွေတော်တော်များများဟာအပြီးပိတ်လိုက်လဲ Running ထဲမှာသွား Run နေတတ်ပါတယ် ဒီApp,Game တွေကို Stop ပြုလုပ်ဖို့အတွက်အခု Task killer, process killer တို့လို App တွေအများကြီးထွက်လာပါပြီ အသုံးပြုသင့်ပါတယ် ဒါမှမဟုတ် Setting ထဲက Running ထဲမှာသွားပိတ်လိုက်လဲရပါတယ် သတိထားရမှာကအဲ့ထဲမှာ System ပိုင်းဆိုင်ရာတွေ Run နေပါတယ် မပိတ်မိပါစေနဲ့နော် Background မှာ App တွေ Run တာများလာပြီဆိုရင်သူငယ်ချင်းတို့ Device ဟာလေးလံသွားမှာသေချာပါတယ်
နောက်တစ်ခုက Device မှာ Keyboard တွေကိုအများကြီးအသုံးမပြုသင့်ပါဘူး Keyboard အသစ်တွေမှာကောင်းမွန်တဲ့ Feature တွေပါဝင်ပေမဲ့ Keyboard တွေဟာအများကြီးအသုံးပြုရင် Type ပြုလုပ်ချိန်အတွက်ရော အခြားအချိန်တွေမှာပါ Device ကိုလေးလံမှူ့ဖြစ်ပေါ်နိုင်ပါတယ် ဖြစ်နိုင်ရင် English,myanmar Keyboard နှစ်မျိုးကိုဘဲအသုံးပြုသင့်ပါတယ်နော်
နောက်တစ်ခုက Anti-virus App တွေထည့်သွင်းအသုံးပြုသင့်ပါတယ် မလိုလားအပ်တဲ့ဖိုင်တွေရဲ့လုပ်ဆောင်ချက်တွေလေးလံမှာကို Anti-virus App တွေကသေချာပေါက်ဖြေရှင်းပေးနိုင်ပါတယ် သူငယ်ချင်းတို့ Device တွေနဲ့သင့်တော်မဲ့ Anti-virus App တွေကိုသူငယ်ချင်းတို့ဘက်ကရွေးချယ်သင့်ပါတယ် အသုံးမပြုတော့တဲ့ App တွေကိုလဲဖျက်ပြစ်တာမျိုးတွေလဲလုပ် သင့်ပါတယ် App တွေဒေါင်းရင် Error ပါမပါစစ်ဆေးပြီးမှ Device ထဲကို install လုပ်သင့်ပါတယ်
Android Device တွေကို Custom Rom တဲ့အပိုင်းကိုကျွမ်းကျင်မှလုပ်ဆောင်တာအကောင်းဆုံးပါ Root လုပ်တာလောက်နဲ့ဘဲတော်တော်လေးလုံလောက်ပါတယ် Administrator အနေနဲ့ Device ကိုသုံးချင်ရင်တော့ နဲနဲပါးပါးကလိတတ်ရုံနဲ့မလုံလောက်ပါဘူး နားလည်အောင်အရင်လေ့လာသင့်ပါတယ် Device ၁ခုနဲ့၁ခု လုပ်ဆောင်ပုံတွေကွဲပြားပါတယ် version 2.3 ထက် Device တွေဆိုရင်တော့ Root လုပ်ရုံလောက်နဲ့အစဉ်ပြေပါတယ်
ဘာလို့လဲဆိုတော့ version 2.2 version 2.3 Device တွေဟာ APP တွေ Game တွေ တော်တော်များများကို install လုပ်ပြိးအသုံးပြုနိုင်ပါတယ်
ကျွန်တော်နားလည်သလောက်ပြောပြတာပါ ဆရာကြီးတွေအတွက်ဟုတ်ဘူးနော် မသိသေးတဲ့သူငယ်ချင်းတွေကိုရည်ရွယ်ပါတယ်
သူငယ်ချင်းအားလုံးအစဉ်ပြေပါစေနော်

Friday, February 8, 2013
သူငယ်ချင်းတို့ဖုန်းတွေမှာနဂိုပါလာတဲ့ File Manager ထက်လန်းတဲ့ File Manager (For Android)
ဒီကောင်လေးလဲမိုက်တယ်ဗျ ကျွန်တော်အခုလက်ရှိသုံးနေတာ
သူငယ်ချင်းတို့ဖုန်းတွေမှာနဂိုပါလာတဲ့ File Manager ထက်လန်းပါတယ်
ဘာလို့လဲဆိုတော့ဒီကောင်းလေးကfeature တွေလဲတော်တော်စုံတယ်
ပြီးတော့သူငယ်ချင်းတို့ install လုပ်မဲ့ game တွေ App တွေကိုဒီကောင်လေးက
install နှိပ်ပြီးပေါ်လာမဲ့ logo အတိုင်းပြတယ်ဗျ ၁ခေါက်ထဲ game တွေ App
တွေအများကြီးထည့်တတ်တဲ့သူငယ်ချင်းတွေမှားစရာမလိုတော့ဘူးပေါ့ original
ပါလာတဲ့ File Manager မှာတော့ဒီလိုမပြဘူးနော် Android logo လေးဘဲပြတာလေ
install လုပ်မှ App တွေ Game တွေ logo ပေါ်လာတာမလား ဟိဟိ
လေတောင်တော်တော်များသွားပြီ သုံးချင်တဲ့တယ်ရင်းတွေအောက်မှာယူလိုက်နော်
Download link_ http://www50.zippyshare.com/v/53889134/file.html

ဖုန်းBattery တွေကို တာရှည်အသုံးပြုနိုင်ဖို့ အတွက်Battery Repair (Doctor Boost)
ဒီ Apk လေးကို အသုံးပြု ခြင်အားဖြင့် ဖုန်းရဲ့ Battery သက်တန်း ဟာ သိသိသာသာ ကြာရှည်ခံလာ
တယ်လို့  သိရ ပါတယ်…ကြိုက်တဲ့ဘော်ဘော်တွေသုံးလိုက်နော်
Download link_ http://www.mediafire.com/?q7symvyf5wjyrnk

Android ဖုန်းပိုင်ရှင်တွေအတွက် အတွက် Easytouch app လေးပါ
Easy Touch ရဲ့အသုံးဝင်နည်းကတော့.......
သူငယ်ချင်းတို့ကြိုက်တဲ့ apps နဲ့ Games လေးတွေကို အလွယ်တကူသုံးလို့ရအောင်ထည့်ပြီးအသုံးပြုနိုင်ပါတယ်
Home button,Back button(Root),Menu button(Root) လဲပါတယ်နော်
ပြီးတော့ Lock Screen လွယ်လွယ်လေးသွားနိုင်ပါတယ်
recent task(double press) ကြည့်နိုင်ပါတယ်
ဖုန်းသုံးရတာမလေးအောင်လုပ်ပေးနိုင်ပါတယ်
ဖုန်း Tablet တွေနောက်ကွယ်မှာ Run နေတဲ့ app Game တွေကိုလဲ stop လုပ်နိုင်ပါတယ်
ကဲသုံးချင်တဲ့ဘော်ဘော်တွေစမ်းသုံးပြီးကလိပေးတော့လန်းမှလန်းဗျ
iphone style_ http://www37.zippyshare.com/v/36387623/file.html
Android style_ http://www37.zippyshare.com/v/79966847/file.html
girl style_ http://www37.zippyshare.com/v/53557614/file.html

Huawei U8818 ကိုRootလုပ်၍မြန်မာFontsထည့်နည်း
Huawei ဖုန်းတွေထဲကမှမျက်နှာပြင် ၄ လက်မကျယ်ဝန်းပြီးAndriod OS 2.3.6
( Gingerbread ) အသုံးပြုထားတဲ့Huawei
U8818ဟာဈေးနှုန်းလဲသင့်တင့်ပါတယ်။
ဒီဖုန်းကိုRootလုပ်မယ်ဆိုရင်တော့အောက်မှာတဲ့လင့်ကိုဒေါင်းလုပ်ဆွဲဖို့ လိုပါတယ်....
Link.... http://www.mediafire.com/download.php?gw46wzkbwz92ks9
ဒေါင်းလုပ်ဆွဲပြီးပြီဆိုရင်တော့ Rootစလုပ်လို့ ရပါပြီ.....
Step 1....ဖုန်းSettingထဲကိုဝင်ပါ...ပြီးရင်Fast boot On နေရင် Offလုပ်ပါ...Unknown Sourcesနေရာမှာအမှန်ခြစ်လုပ်ပေးထားပါ.......
Step 2.....ဖုန်းကိုပါဝါပိတ်ပါ....ပိတ်ပြီး၁၀စက္ကန့် လောက်ကြာအောင် ထားပေးပါ.....ပြီးရင်(Power Button + Volumn Down Button)ပါဝါခလုတ်နဲ့ အသံတိုးခလုတ်ပေါင်းပြီးနှိပ်ပါ...Huawei Logo လို့ ပေါ်နေပြီးBoot Loader မှာရပ်နေပါလိမ့်မယ်......
Step 3.....ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ.....ပြီးရင်ဒေါင်းလုပ်ဆွဲထားတဲ့ Zip Fileထဲမှinstall-superrecovery-windows ကိုRunပေးလိုက်ပါ....Command Boxတစ်ခုတက်လာပြီးRootလုပ်နေပါလိမ့်မယ်....
Step 4.....Rootလုပ်ပြီးတာနဲ့ ပြန်ပိတ်သွားပါလိမ့်မယ်.....ပြီးရင် ကွန်ပျူတာနှင့် ချိတ်ဆက်
ထားတာကိုပြန်ဖြုတ်ပြီးဖုန်းထဲကBatteryကိုခွာထုတ်လိုက်ပါ....
Step 5.....၃စက္ကန့် လောက်စောင့်ပြီး(Power Button + Volumn Up Button)ပါဝါခလုတ်နဲ့ အသံကျယ်ခလုတ်ပေါင်းနှိပ်ပါ....စက်ရုပ်ပုံပေါ်လာပြီးRecovery Modeတက်လာပါလိမ့် မယ်....စာကြောင်းတွေရွေးခိုင်းတဲ့ နေရာမှာreboot sysytem ကိုရွေးပေးလိုက်ပါ.....ဖုန်းRestart ကျသွားပါလိမ့်မယ်....
Step 6..... ဖုန်းပြန်တက်လာတဲ့ အခါ ဖုန်းထဲမှာSuper Userဆိုတဲ့App ၁ခုကိုတွေ့ ရပါလိမ့်မယ်.....
ဒီအဆင့် အထိပြီးသွားရင်တော့ ဖုန်းRootလုပ်ပြီးသွားပါပြီ.......
Root လုပ်ပြီးရင်တော့ မြန်မာFontsထည့် လို့ ရပါပြီRoot မလုပ်ရသေးတဲ့ ဖုန်းဆိုရင်မြန်မာFonts ထည့် လို့ မရပါဘူး...
Step 1... မြန်မာFontsထည့် မယ်ဆိုရင်အောက်မှာရေးထားတဲ့ဒေါင်း လုပ်လင့် မှာဒေါင်းလုပ်ဆွဲရပါမယ်.
Link... http://www.mediafire.com/?bhus2nc6srwfdnw
Step 2... ဒေါင်းလုပ်ဆွဲလို့ ရလာတဲ့ apk Fileကိုဖုန်းရဲ့ SD Card ထဲကိုထည့်ပြီးInstallလုပ်ပါ..ဖုန်းထဲ
မှာ Zaw Gyi Changerဆိုတဲ့ Icon ၁ခုပေါ်လာပါလိမ့် မယ်...အဲဒီApplication ထဲမှာ” ဇော်ဂျီဖောင့် ပြောင်းရန် “ ဆိုတဲ့ နေရာကိုနှိပ်လိုက်ပါ...ဖုန်းRestartကျသွားပါ လိမ့် မယ်.....
ဖုန်းပြန်တက်လာရင်တော့ ဖုန်းထဲမှာမြန်မာစာဖတ်လိုရသွားပါပြီ....
ဒါပေမဲ့ မြန်မာစာရိုက်လို့ တော့ မရသေးပါဘူး.... မြန်မာစာရိုက်ဖို့ အတွက်Keyboard Install ရမှာပါ...
Step 3.....်အောက်မှာရေးထားတဲ့ဒေါင်းလုပ်လင့် မှာMyanDriod Soft Keyboardကိုဒေါင်းလုပ်ဆွဲရပါမယ်...
Link.... http://www.mediafire.com/download.php?h946uyg1g2jmx62
ဒေါင်းလုပ်ဆွဲလို့ ရလာတဲ့ apk Fileကိုဖုန်းရဲ့ SD Card ထဲကိုထည့်ပြီးInstallလုပ်ပါ..ပြီးရင်ဖုန်ရဲ့ Settingထဲက Locale and text မှာဝင်ပြီ့း MyanDriod Soft Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ....
ဒါတွေအားလုံးပြီးသွားရင်တော့ ကိုယ်စာရိုက်ချင်တဲ့ နေရာမှာ Touchကိုကြာကြာလေးဖိနှိပ်ပြီးပေါ်လာတဲ့ နေရာမှာInput method် ကိုနှိပ်ပြီ့း MyanDriod Soft Keyboard ကိုရွေ့း၍မြန်မာစာရိုက်လို့ ရသွားပါပြီ

PC Suite 91 Assistant For Android
အသုံးပြုပုံကတော့မရှင်းပြတော့ဘူးနော် ဘော်ဘော်တွေကဆရာကြီးတွေဘဲ လိုချင်တဲ့သူတွေအောက်ကလင့်မှာယူလိုက်နော်
Download link_ http://www.mediafire.com/?85in3jc4iswwj7bThursday, February 7, 2013
Android OS ဖုန်းများ ဗားရှင်းမြှင့်ရာတွင် သတိပြုရန်အချက်များ
ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေကို ဗားရှင်းမြှင့်တဲ့နေရာမှာ............
ကိုယ့်ဖုန်းအတွက်ပေးထားတဲ့ Firmware Version ဟုတ်မဟုတ်ကို ဂရုစိုက်ရပါမယ်။ ဒါ့အပြင် ကိုယ်အသုံးပြုမယ့် Firmware ဟာ Official ROM လား Custom ROM လားဆိုတာကိုလည်း သတိပြုရပါမယ်။ ဒါတွေကိုသေချာကြည့်ပြီးမှ ကိုယ်အသုံးပြုမယ့် ROM ကိုထည့်သွင်း အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ROM မှားယွင်းထည့်သွင်းမိမယ်ဆိုရင်တော့ အသေးစား Error အနေနဲ့ ကိုယ့်ရဲ့ဖုန်းမှာ အသုံးပြုနေတဲ့ WiFi စနစ်တွေကို အသုံးပြုလို့ မရနိုင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။ အများအားဖြင့် WiFi ပျောက်သွားတတ်သလို WiFi ကရှိနေလျက်နဲ့ ချိတ်ဆက်လို့မရတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းမှာအသုံးပြုနေတဲ့ Wireless Tether လို စနစ်မျိုးဖြစ်တဲ့ Portable & WiFi Hotspot လိုစနစ်မျိုးတွေ၊ အသုံးပြုလို့ မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုကတော့ ဖုန်းရဲ့ပါဝါဟာ တတ်လာပြီးတဲ့အချိန်မှာပဲ ပြန်ပြီးတော့ Restart ပြန်ပြန်ကျသွားတတ်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ ကိုယ်ထည့်သွင်းထားတဲ့ Firmware ဟာ ကိုယ့်ဖုန်းအတွက် အဆင်မပြေတော့ဘူးဆိုတာကို သတိပေးနေတာဖြစ်ပါတယ်။ နောက်ထပ်ဖြစ်တတ်တာကလည်း အချို့က ကိုယ့်ဖုန်းအတွက် Firmware Version ဟာ မြှင့်တင်ခွင့်မပေးထားတဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ ဗားရှင်းကို အခြား Android Version တစ်ခုကိုယူပြီး ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ ဒီလိုမျိုး အသုံးပြုတဲ့နေရာမှာတော့ ကိုယ်ထည့်သွင်းတဲ့ OS ဟာ ကိုယ့်ဖုန်းအတွက် မဟုတ်တဲ့အတွက် Screen Resolution မကိုက်ညီတာတို့ အသုံးပြုပုံစံစနစ်တွေ ပြောင်းလဲသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ Screen Resolution မကိုက်ညီတဲ့ Firmware ကို ထည့်သွင်းမိတဲ့အခါမှာတော့ ဖုန်းရဲ့ Screen ဟာ နဂိုမြင်နေကျ ပုံစံမျိုးမဟုတ်တော့ပဲနဲ့ အရမ်းသေးနေတဲ့ မြင်ကွင်းဖြစ်နေတာမျိုး အရမ်းကြီးမားတဲ့မြင်ကွင်း ဖြစ်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါက Screen Resolution မကိုက်ညီတဲ့အတွက်ကြောင့်ဖြစ်တဲ့ Error ပါ။ Firmware Version ကိုမှားယွင်းအသုံးပြုတဲ့အခါမှာ ဒီလိုမျိုးသေးငယ်တဲ့ Error တွေအပြင် ကြီးမားတဲ့ Error တွေလည်းရှိပါတယ်။ ကြီးမားတဲ့ Error ဆိုတာကတော့ ဖုန်းပါဝါသေသွားတာမျိုးနဲ့ Download Mode ပျောက်တာမျိုး၊ IMEI ပျက်သွားတာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ အသက်ဟာ IMEI ပါ။ IMEI ပျောက်သွားပြီဆိုရင်တော့ ဖုန်းဟာ MP4 Player တစ်ခုလို ဖြစ်သွားမှာဖြစ်ပြီး ဖုန်းပြောလို့ လုံးဝရတော့မှာမဟုတ်ပါဘူး။ အချို့ဖုန်းတွေမှာ ပါဝါမသေပဲ IMEI ပဲပျောက်သွားတာမျိုးလည်း ရှိပါတယ်။ အဲဒါကိုတော့ Firmware ကြောင့် IMEI ပျက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ Firmware မြှင့်တင်လို့ ပါဝါသေသွားတဲ့ ဖုန်းတွေမှာဆိုရင်တော့ အချို့ဖုန်းတွေဟာ ပြန်ပြီးတော့ ပြုပြင်လို့ရနိုင်ပေမယ့် အချို့ပါဝါသေတဲ့အပြင် Download Mode ပါပျောက်သွားတဲ့ ဖုန်းတွေမှာဆိုရင်တော့ ပြန်ပြီးပြုပြင်လို့ ကောင်းနိုင်မယ်၊ မကောင်းနိုင်ဘူးဆိုတာကတော့ ပြောဖို့ခက်ခဲသွားပါပြီ။ ဒါကတော့ကြီးမားတဲ့ Error တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် IMEI ပျက်တဲ့ဖုန်းတွေမှာဆိုရင်လည်း ပြန်လည်ပြုလုပ်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖုန်းတစ်လုံးရဲ့ IMEI ကို အသစ်ပြန်ရိုက်ဖို့ဆိုတာဟာ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ IMEI နံပါတ်တွေဟာ သူ့အစီအစဉ်နဲ့သူ ဖုန်းတိုင်းအတွက် နံပါတ်တွေနဲ့ ခွဲခြားသတ်မှတ်ထားတဲ့ Code စနစ်တွေ ဖြစ်တဲ့အတွက် ပြန်လည်ပြုလုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါတွေကတော့ Android OS ဖုန်းတွေကို ဗားရှင်းမြှင့်တင်တဲ့နေရာမှာ သတိပြုရမယ့် အချက်တွေပဲဖြစ်ပါတယ်။

Tuesday, February 5, 2013
Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် ဘာလုပ်မလဲ
Lock ဖွင့်လို့မရတော့လို့ ဆိုင်ကိုသွားရင်တော့ ဆိုင်ကပြောမှာပေါ့ firmware ပြန်တင်ရမယ်ဘာညာပေါ့ဗျာ firmware ပြန်တင်ပြီဆိုထဲကအနဲဆုံး ၁၀၀၀၀လောက်တော့ပေးရမှာသေချာတယ်
ကျွန်တော်လဲ lock မေ့သွားတာကိုအခါခါမှားပြီးဖွင့်မိလို့ Tablet က mail acc နဲ့password တောင်းတော့တာဘဲ အဲ့Tablet driver ရှာလို့မရတာနဲ့မထူးဘူးဆိုပြီး factory reset လုပ်ပလိုက်တယ် App တွေ Game တွေတော့backup မလုပ်ထားမိတော့ပျက်သွားတာပေါ့ စက်ကတော့ပြန်ကောင်းသွားတယ် သူငယ်ချင်းတွေလဲအဲ့လိုဖြစ်ရင်လုပ်တတ်အောင်လို့ပြောပြလိုက်တယ်နော် အောက်မှာကြည့်လိုက်နော်....................
Android ဖုန်းတွေမှာ လုံခြုံရေးအရ သူငယ်ချင်းတို့ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူဝင် မကြည့်နိုင်
ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ရအောင်ပေးထားတယ်…အဲဒါပေမယ့်…သူငယ်ချင်းတို့ပေး
တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ မှတ်မထားမိရင်တော့သေပြီဆရာဘဲအဲ့
တော့ဘယ်လိုလုပ်မလဲ
လုပ်နည်းကတော့အမျိုးမျိုးရှိပါတယ်…ဖုန်းထဲမှာgoogleaccount တော့ဝင်ထားဖို့လိုပါတယ်
အကယ်လို့ဖုန်းထဲမှာ Google Account ကိုဝင်မထားမိဘူးဆိုရင်တော့…WiFi ချိတ်ထားဖို့လိုပါတယ်…ဘာလို့လဲဆို
တာ့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock
pattern ပြီးတော့ Settings > Accounts &SyncကနေAddAccountပြီးတော့googleaccountကိုထည့်လိုက်ပေါ့နော်
ပြီးတော့ ဖုန်းချလိုက်ပါ…အောက်က အဆင့်တွေဆက်လုပ်လို့ရပါပြီ…Unlock Pattern မှာငါးကြိမ်ထပ် ဆယ်ကြိမ်ထပ် ပိုမှားခဲ့ရင်
တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ”
ဆိုပြီး ပေါ်လာပါမယ် OK နှိပ်လိုက်ပါ။စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?
ဆိုတာလေးကို နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်…ဒါဆိုရင်သင်ဖုန်းထဲမှာထည့်ထားတဲ့ usernameနဲ့password
ဖြည့်ပြီး Sign in လုပ်လိုက်ပါ …ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ဒီတစ်ခါတော့မှတ်ထားပေါ့နော်
ပြီးရင် Continue နှိပ်ပါ …Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် အကယ်လို့ …
ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။ဒါပေမယ့်
Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့
Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင်
Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern
Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
နောက်တစ်ခုကတော့ Mail acc password တောင်းပါလိမ့်မယ် ( Mail acc password တောင်းရင်တော့ Volume up Power Button တွဲနှိပ်ထားလိုက်ပါ ပေါ်တဲ့ထဲကမမှ wipe data…....ကိုနှိပ်လိုက်ပါပြီးရင် yes ..........ကိုရွေး ပြီးရင် Reboot ကိုနှိပ်လိုက်ပါ ဝယ်လာတုန်းကအတိုင်း အသစ်အတိုင်းလေး window ပြန်တတ်လာပါလိမ့်မယ် အဲ့လောက်ဆိုသူငယ်ချင်းတွေနားလည်လောက်မယ်ထင်ပါတယ် ကြိုးစားကြည့်လိုက်နော် ။

Wifi Kill တဲ့ဗျ မိုက်တော့မိုက်သား For Android
Wifi Kill ရဲ့ အဓိကအလုပ်လုပ်ဆောင်ပုံကတော့ Wifi ချိတ်ဆက်ပြီး ချိတ်ဆက်ထားတဲ့ Wifi Network ထဲ မှာရှိနေတဲ့ အသုံးပြုနေတဲ့ ဘယ် device တွေကိုမဆိုအင်တာနက် Service ပိတ်ပစ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမယ့် အသုံးပြုမယ့် Android device ကိုတော့ အမြစ် တူးထား ရမှာပါ။ App အသုံးပြု ပုံကတော့ App ကိုဝင်တာနဲ့  Super User Permission ပေါ်လာပါ လိမ့် မယ်။ Grant လုပ်ပေးလိုက်ပါ။ ပြီးသွားရင်တော့  OFF ဆိုတဲ့ buttonကို Click နှိပ်ပေးလိုက်ပါ။ Loading တစ်ခုပေါ်လာပြီး Network ထဲ မှာ ရှိတဲ့ PC ပဲဖြစ်ဖြစ်၊ Android device ပဲဖြစ်ဖြစ်၊IOS device
ပဲဖြစ်ဖြစ် အကုန်ပေါ်လာပါလိမ့်မယ်။အမှန်ခြစ်ကလေးပေးလိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ လိုအပ်
တာကတော့ Wifi Kill အသုံးပြုမယ့် Deviceဟာ Wifi Network ချိတ်ဆက်ထားဖို့ ပါပဲ။အကျိုးသက်ရောက်
မူတွေကတော့ Network အတွင်းမှာရှိတဲ့ အင်တာနက်အသုံးပြုသူတစ်ဦးဦးကလိုင်းနှေးအောင် Dowload မတရားဆွဲနေမယ်ဆိုရင် အဲဒီအသုံးပြုသူရဲ့ Network IP ကို ပိတ်ထားလိုက်တဲ့ ပုံစံမျိုးပါပဲ။ အများပိုင်
အင်တာနက်လိုင်းတွေမှာ အလိုက်ကန်းဆိုးမသိ အသုံးပြုသူတွေကိုကောင်းကောင်းပညာပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။
Ref:Diginal life journal
Download link_ http://www.mediafire.com/?1k3oiyc9p6z1url
Monday, February 4, 2013
ဖုန်းမပျောက်ချင်ရင်ဒါလေးသုံးလိုက်နော် Mobile Alarm System v1.2.3 for Android
Androidဖုန်းများအတွက်apkအလန်း လေးတစ်ခုပါကျွန်တော်တော်လေးကြိုက်လို့shareပေးလိုက်တယ်နော်။သူငယ်ချင်းတို့ဖုန်းကို
တစ်ခြားနေရာမှာကျန်နေခဲ့လို့ဖြစ်စေတစ်ခြားသူကိုင်တာမျိုးမကြိုက်သူတွေအတွက်ဒီAPK လေးနဲ့လုပ်ဆောင်နိုင်ပါတယ်.သူ့ကောင်း
ချက်လေးတွေကတော့ဖုန်းကိုလက်ရှိနေရာကနေအကြောင်းအမျိုးမျိုးကြောင့် ရွေ့သွားလျှင်Alarmထမြည်လာပါလိမ့်မယ်။
Proximity Sensor ကိုအသုံးပြုထားပါတယ် ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာပါမယ်၊
ဖုန်းကိုအားသွင်းထားချိန်ဖြစ်ဖြစ်တစ်စုံတစ်ယောက်ကကိုင်လိုက်တာဘဲဖြစ်ဖြစ်ပြုလုပ်လိုက်ပါကAlarmထမြည်ပါလိမ့်မယ်၊
ဖုန်းရှေ့မှာလှုပ်ရှားမှုကိုမြင်တာနဲ့Alarmကထမြည်ပြီးလှုပ်ရှားမှုများကိုဓါတ်ပုံရိုက်ယူထားနိုင်ခြင်းများစတဲ့Features.များပါဝင်
လာပါတယ် တော်တော်လေးမိုက်တယ်ဗျကျွန်တော်ကတော့ကြိုက်မှကြိုက်Android2.2နဲ့အထက်မှာဘဲသုံးလို့ရမှာနော်...။
--- FEATURES ---
- 6 different sensors
- 8 different sounds
- Take a picture when the alarm is triggered
- Beautiful design
- PIN Lock
- Duration of the alarm can be changed
- Sensitivities of the different sensors can be changed
- Alarm siren can be delayed so that the alarm can be cancelled in advance (if the user can unlock the phone)
- precise noise and motion detection
- Camera preview
- Send e-mail, sms or make a call when the alarm is triggered
လေ့လာချင်သေးရင်တော့အောက်ကလင့်မှာလေ့လာနော်
link_ http://www.prohp.net/2013/01/mobile-alarm-system-1-2-3.html
Apk လေးကိုတော့အောက်ကကြိုက်ရာလင့်ကယူလိုက်နော်
Download link_Zippyshare_ http://www46.zippyshare.com/v/84485309/file.html
Download link_Filesear_ http://filesear.com/xxy964q7dx14/MASv1.2.3.apk
Download link_Howfile_ http://howfile.com/file/dde3fe8a/9a900f25/
Download link_Sendspace_ http://www.sendspace.com/file/mwm75t
Android ဖုန်း Tablet တွေအတွက်ဘက်စုံသုံးလို့ရမဲ့ software လေးပါတော်တော်လေးလန်းတယ်
Android ဖုန်း ၊ Tablet တွေကိုဆော့ဝဲသွင်းခြင်း ၊ သီချင်းသွင်းခြင်း ၊ ဓာတ်ပုံထည့်ခြင်း ၊ Ringtone ထည့်ခြင်း ၊ Android ဖုန်းထဲက ဆော့ဝဲတွေ ၊ ဖုန်း Contact တွေကို backup ပြန်လည်ရယူခြင်း စတဲ့ features တွေကို မိမိရဲ့ကွန်ပျူတာကနေအလွယ်တကူပြုလုပ်နိုင်မယ့် ဆော့ဝဲလေးဖြစ်တဲ့ Wondershare Mobile Go v3.0.1 For Windows (Latest Version) ကိုတင်ပေးလိုက်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
တော်တော်လေးကောင်းပါတယ်ကြိုက်တဲ့သူငယ်ချင်းတွေသုံးကြည့်လိုက်နော် ကျွန်တော်က Pc suite တွေကိုပိုကြိုက်တယ်ဗျ ဒါလေးလဲတော်တော်လန်းပါတယ်
Download exe_ http://download.wondershare.com/mobilego_full818.exe
လိုင်စင်ကီးလိုချင်ရင်တော့အောက်မှာယူလိုက်ပါ
Download_ http://www.sharebeast.com/d9xdbrz2egym
Sunday, February 3, 2013
သင့်ရဲ့ Android Phone အတွက် Antivirus Software ကောင်းတစ်ခုခု လိုအပ်ရင်ယူလိုက်နော်
1. Lookout Security & Antivirus: ဒီ နာမည်ကိုတော့ Andorid အသုံးပြုသူ တော်တော် များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ဒီ app လေးကတော့ သင့်ဖုန်းထဲက malware တွေကို scan လုပ်နိုင်ပါတယ်…Online,Offline Data တွေကိုလည်း Back up လုပ်နိုင်ပါတယ်။သင့်ဖုန်း အခိုးခံရသည် (သို့ ) ပျောက်ဆုံးသွားသည် ရှိသော် GPS နဲ့  ပြန်ပြီး ဖုန်းရှိနေတဲ့ နေရာကို ပြန်လည် ရှာဖွေနိုင်ပါတယ်။
Download link_ https://www.lookout.com/
2. Avast Free Mobile Security: Avast ကတော့ Paid application ဖြစ်တာနဲ့ အညီ ပေးရတဲ့ တန်ဖိုး နဲ့  ညီမျှတဲ့ လုံခြုံရေးကို ပေးမှာပါ။သူ့ ရဲ့ အားသာချက်က Call တွေ SMS တွေကို Filter ခံနိုင်တယ် တကယ်လို့ တစုံတယောက်က SIM Card ကို ဖြုတ်ခဲ့တယ်ဆိုရင်တောင် ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့ အခြားဖုန်းတစ်လုံးမှာ အကြောင်းကြားပေးနိုင်တယ်။ကိုယ်ပိုင် Firewall ပါတယ် application တွေကို management လုပ်နိုင်ပါတယ်။
Download link_ http://m.avast.com/index
3. Kaspersky Mobile Security: ကွန်ပြူတာ အသုံးပြုတဲ့ လူတွေ အားလုံး နီးပါး မသိသူမရှိသလောက်အောင်ကို နာမည်ကြီးတဲ့ Kaspersky ဖြစ်ပါတယ်။ဒီ app လည်း အခြား app တွေလို malware တွေကို scan စစ်ရုံတင်မက ဖုန်း ပျောက်ဆုံး ပါကလည်း အဝေးကနေ လှို့ ဝှက် ကုဒ်နဲ့  မိမိ ဖုန်းထဲရှိ Data များအားလုံးကို Delete ပြုလုပ်နိုင်ပါသည်။
Download link_ http://www.kaspersky.com/mobile_downloads
4.Norton Mobile Security: Norton ဟာလည်း ကွန်ပြူတာ PC တွေကနေ Android ဘက်ကို ချဲ့ ထွင်လာပါပြီ။ကျွန်တော်တို့ ရဲ့ Samrtphones တွင်းက တန်ဖိုးရှိတဲ့ Data များဖြစ်တဲ့ SMS,Email နဲ့  Credit Card နံပါတ်များကို Noton က လုံခြုံစွာ ထိန်းထားပေးမှာပါ။
Download link_ http://www.norton.mobi/#homepage
5. AVG AntiVirus:AVG ကတော့ Free Version နဲ့  Premium Version နှစ်မျိုးရှိပါတယ်။AVG အနေနဲ့  ပါဝင်တဲ့ Feature တွေကတော့ Task Killer,a battery optimizer နဲ့  safe မဖြစ်တဲ့ Website တွေကို ၀င်ရောက် မိစေခြင်းမှ ကာကွယ်ပေးပါတယ်။သူဟာလည်း မိမိ ဖုန်း ပျောက်သွားခဲ့သည်ရှိသော် (သို့ ) ခိုးခံရသည် ရှိသော် ပြန်လည် ရှာဖွေတွေ့ ရှိနိုင်အောင်လို့  ခြေရာခံနိုင်တဲ့ စနစ်တွေ ထည့်သွင်းထားပါတယ်။
Download link _ http://www.avg.com/ww-en/antivirus-for-android
ကြိုက်တာယူသုံးပေတော့သူငယ်ချင်းတို့ရေ...............
Subscribe to:
Posts (Atom)